AI ရာစုနှစ်
AI ရာစုနှစ်
Author: ဒေါက်တာသာထွန်းဦး
ID: #788 Pages:
AI ခေတ်က ကျွန်ုပ်တို့ရှေ့မှောက်မှာ ... ဉာဏ်ရည်တုက လူမှုအသိုက်အဝန်းကို အခြေခံကစလို့ ထဲထဲဝင်ဝင်ပြောင်းလဲစေ နေပါပြီ။ ဒီစာအုပ်ထဲမှာတော့ အောင်မြင်မှုတွေအသီးသီးလည်းရရှိထားပြီး အတွေး နက်နက်နဲ့ ကြည့်ရှုတွေးတောနိုင်သူ သုံးဦးက ဒီဉာဏ်ရည်တုရဲ့ပြောင်းလဲမှုတွေက လူသားတွေအပေါ် ဘယ်လိုအဓိပ္ပာယ်သက်ရောက်စေမလဲဆိုတာကို တင်ပြထားပါ တယ်။ ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်စွမ်းကိုအသုံးချတဲ့ခေတ် / ဉာဏ်အလင်းပွင့်ခေတ် ကာလများ (၁၇ ရာစုနှောင်းပိုင်းမှ ၁၈ ရာစုအတွင်း) မတိုင်မီကတည်းက လူသား တွေအနေနဲ့ လုံခြုံရေး၊ စီးပွားရေး၊ အာဏာနဲ့ အသိပညာဗဟုသုတဆိုတာတွေကို ချဉ်းကပ်ပုံက ပြောင်းလဲခဲ့နှင့်ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ဉာဏ်ရည်တုလို့ဆိုတဲ့ AI က ကမ္ဘာကို လူသားတွေ မောင်းနှင် ပဲ့ကိုင်တဲ့ပုံစံကို တော်လှန်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ရှာဖွေခြင်း၊ တိုက်ရိုက်ပြသခြင်းအပါအဝင် ဆေးဝါး၊ ပညာရေး စသဖြင့် နယ်ပယ်တွေအပြင် နယ်ပယ်စုံကဏ္ဍစုံမှာလည်း AI ရောက်ရှိနေ နှင့်ပြီး … ကျွန်ုပ်တို့ရဲ့ လက်တွေ့ အတွေ့ အကြုံတွေကို ပြောင်းလဲစေခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ၅၆ ယောက်မြောက် Secretary of State ၊ Nobel Peace Prize ဆုရှင် ၊ Presidential Medal of Freedom နဲ့ Medal of Liberty ဆုတွေရရှိ ခဲ့သူ Henry Kissinger ၊ Google ကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဦးဆောင် ကာ တိုးတက်စေခဲ့သူ CEO ဟောင်း Eric Schmidt ၊ MIT Schwarzman College of Computing ရဲ့ Dean ဖြစ်သူ Daniel Huttenlocher တို့လို တွေးခေါ်မြော်မြင်နိုင် စွမ်းရှိသူသုံးဦးရဲ့ “ဉာဏ်ရည်တုနဲ့ နည်းပညာတွေက ကျွန်ုပ်တို့ရဲ့ အနာဂတ်ကို ဘယ် လိုပြောင်းလဲစေမလဲဆိုတဲ့အပေါ် သုံးသပ်ချက်တွေ” ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ AI အနာဂတ်ကမ္ဘာစာအုပ်ဟာ ယခင်က တစ်ကြိမ်မှ မကြုံတွေ့ ဖူးသေးတဲ့ ယနေ့နည်း ပညာခတ်နဲ့ အနာဂတ်အတွက် မရှိမဖြစ်လမ်းပြမြေပုံတစ်ခုဖြစ်ပါတယ်။
Product features
Product features
Materials and care
Materials and care
Merchandising tips
Merchandising tips
Share
