
Return & Refund Policy
Share
- မိမိမှာယူထားသော အော်ဒါများ လက်ခံရရှိပြီးပါက အော်ဒါများ လိုအပ်နေခြင်း ကွဲလွဲနေခြင်း မကိုက်ညီခြင်းများရှိပါက Delivery အား မိမိ၏ ပါဆယ်တစ်ထုပ်လုံးအား ပြန်လည်ထည့်ပေးလိုက်ရပါမည်။ လိုတိုးပိုလျော့ ငွေရှင်းငွေချေခြင်းများအား လက်မခံပါ။
- လူကြီးလက်ထဲတွင် ပျက်စီးသွားသော ထိခိုက်သွားသော အော်ဒါများအား Return (or) Cancel လုံးဝ ခွင့်မပြုပါ။
- လူကြီးမင်းအတွက် ကွဲလွဲကွာဟသော အော်ဒါများအား Gofresh မှ (၅) ရက်အတွင်း ပြန်လည် ပို့ဆောင်ပေးပါမည်။
- လူကြီးမင်း အော်ဒါများလက်ခံရရှိပြီးပါက အော်ဒါလက်ခံရရှိ မှန်ကန်ကြောင်း လက်မှတ် Delivery သမားထံတွင် ရေးထိုးပေးရပါမည်။
- လူကြီးမင်းအနေဖြင့် Complain တင်လိုပါက လိုအပ်သော ဒေတာအချက်အလက် ဓာတ်ပုံများအား Gofresh မှ တောင်းခံခြင်းကို လက်ခံနိုင်ရပါမည်။
- Gofresh Online Shop မှ ကုန်ပစ္စည်းများ မှာယူပါက Prepaid (or) COD နှစ်မျိုးကိုသာ Gofresh တရားဝင် ဘဏ်အကောင့်များမှ လက်ခံပါသည်။ မိမိပစ္စည်း လက်ခံရရှိပြီးမှ Bank Transfer များ မပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- COD များအတွက် အကြွေး လုံးဝမရောင်းသည့်အပြင် ငွေရှင်းရက်အား ရက်ရွေ့ခြင်းများ ရက်ချိန်းခြင်းများ ဖြစ်ပေါ်လာပါက လူကြီးမင်း၏ အော်ဒါများအား ပြန်လည်ယူဆောင်လာရပါမည်။
- နယ်အမှာ အော်ဒါများအတွက် Prepaid တစ်မျိုးတည်းဖြင့်သာ လက်ခံပါသည်။
- Cancel Order များအတွက် ငွေပြန်အမ်းခြင်း ( Refund ) အား လူကြီးမင်း၏ ဘဏ်အကောင့်ထဲသို့ (၇) ရက်မှ (၂) ပတ်အတွင်း ပြန်လည်ပေးအပ်သွားပါမည်။
- ငွေရေးကြေးရေးနှင့် ပတ်သတ်သည့် ပြသာနာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Gofresh Online Shop နှင့် ချစ်ခင်လေးစားရပါသော Customer များ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာ
စွာ ဖြေရှင်းကြပါမည်။ - Gofresh မှ ရန်ကုန်မြို့အတွင်း မှာယူထားသော Order များအတွက် သတ်မှတ်နှုန်းထားများအတိုင်း Delivery ခများ ကောက်ခံသွားမည် ဖြစ်ပါသည်။